Saturday, August 13, 2016
သီတဂူဆရာ​တော်​ အဘိဓမ္မာဆိုတာ
အဘိဓမ္မာ ဆိုတာ ဘာလဲ ?
═════════════════════
အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။
အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား တစ်စင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။
ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊
ရုပ်ရယ်။
ဘာတွေလဲ
စိတ်, စေတသိက်, ရုပ်ပါဘုရား။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။
The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊ မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး
လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှနားမလည်ဘူး။ အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ဘုရားကိုင်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက်အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို အကျယ်တ၀င့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။ တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့
မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။
အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
********************************************
လူနဲ့ ဓမ္မနဲ့၊ ဓမ္မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ Dhamma is the light of your life ဖြစ်လာမှာ။ ဓမ္မနဲ့ လူနဲ့ တခြားစီဖြစ်နေရင် ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။ အဲဒါကြောင့် အမေရိကန်ကြီးတယောက်က ဘုန်းကြီးကို
မေးတယ်။ ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ်တဲ့။
How to learn the Abhidhamma?
Teach me Abhidhamma. What is Abhidhamma? တဲ့။
သူက မေးခွန်းတွေနဲ့။ ဟေ့ Abhidhamma is your body.
ဟုတ်လား။ Don't read any book. You must read yourself.
မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။ စိတ်က ဘယ်မှာရှိသလဲ၊
ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊
စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။ ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ
စိတ်၊ စေတသိက်၊ ရုပ်ကို တကယ်သိမှာ။ ဒီစာအုပ် ခဏထား။
မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် မင်း အဘိဓမ္မာ တကယ်တတ်သွားမယ်။
How to read myself ? သူကပြောတယ်။ ကျုပ်ကိုကိုယ် ကျုပ်
ဘယ်လိုဖတ်မလဲ။ အေး ကောင်းပြီ
" You must sit on the floor,in the cross legged posotion,
place your right hand on top of your left hand,
close your eyes slowly, focus your mind at the tip of your nose."
ဟိုလူကို ဖတ်ခိုင်းပြီနော်။ တင်ပျဉ်ခွေထိုင်ပါ။ ကိုယ်ကို ဖြောင့်ဖြောင့်ထား။
မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊ ဘယ်ဘက်လက်ပေါ် ညာလက်ကလေး
တင်ထား။ Breathe normally, naturally. မှန်မှန်လေး ရှူ။
ရိုးရိုးလေး အသက် ရှူ။ Focus your mind at the tip of your nose .
နှာသီးဖျားလေးကို ချိန်ထား၊ ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ
ဘာတွေ ရှုံ့လာတာ။ အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။
Must be ralax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။ နှာ
သီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ်။
venerable Sir; I'd like to ask you a question.
အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်။
ဟေ့လူ မင်း နောက်မှ မေး။ မင်းကို ဒီမှာ ထိုင်ပြီး အဘိဓမ္မာ ဖတ်ခိုင်းနေတာ။
နေပါဦး နောက်မှ ဖတ်ပါရစေတဲ့၊ အခု မေးချင်သေးတယ်၊၊
မင်းတို့နဲ့များ ကွာတယ်နော်။ ဟိုလူကတော့ ထိုင်ခိုင်းကာ
ရှိသေးတယ်၊ မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။ မင်းစိတ်
နှာသီးဖျား ချိန်ထား။
I miss my mind at the tip of nose.
စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။
ချော်ချော်ထွက်သွားတယ်။ သူက ဒီလိုပြောတယ်။
Ok I like. You must understand one thing Abhidhamma
This is called agitation.
ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊ Creak ဖြစ်နေတယ်။
ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။ စေတသိက်တလုံး သူပြောလိုက်တယ်။
စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊ ဥဒ္ဓစ္စ သင်ကြ။
ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။ Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင်
မင်းနားလည်လာပြီ။ အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။
အဲဒီလို သင်သွားတာ။ နောက်တော့ သူ ကြိုက်သွားတယ်။
ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင်
**************************************
သုတ္တန် The way of life,
ဝိနည်း discipline,
အဘိဓမ္မာ the nature of our body or our life,
This is Tipitaka, three baskets of Buddha’s teaching
ဘုရားတို့ ရဲ့  အဆုံးအမပိဋကတ် သုံးပုံ။ အဲဒါ ဘာလုပ်ဖို့လဲ။
To be learnt သင်ဖို့။
After learning သင်ပြီးရင် ဘာဆက်လုပ်မလဲ။
To be practiced ကျင့်ဖို့။ ဘာရှိသလဲ။ သီလ သမာဓိ ပညာ။
သီလ ထပ်ပြောစရာ မလိုတော့ဘူး။
Bodily discipline, Verbal discipline.
ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။
ဝစီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက် ခုနက ပြောထားတယ်။
အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။
It is not for worship, not for belief. ဒီပိဋကတ်သုံးပုံကို
I believe in the Tipitaka. ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏။
ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။ I worship the Tipitaka.
ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏။ ဗုဒ္ဓဘာသာဖြစ်ရဲ့လား။
မဖြစ်ဘူးနော်။
I am learning. အဲဒါမှ very beginning of Buddhist ဆိုတာ အဲဒါ။
learning သင်ရမယ် နော်။ အဲ ပိဋကတ်သုံးပုံ သင်ပြီးရင်
ဘာဆက်လုပ်မလဲ။ ကျင့်မယ်။ ဘာကိုလဲ သီလ။
ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။ to be a good person.
လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် သီလအရေးကြီးတယ်။
ကာယကံမှာ စည်းကမ်းရှိရမယ်။ ၀စီကံမှာ စည်းကမ်းရှိရမယ်။
ဒါ religion ကို မဆိုဘူး။ ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။
religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။
ဘာသာ တဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် ရှိတဲ့
ဘာသာအကုန် ကိုးကွယ်။ ကိစ္စမရှိဘူး။ သို့သော် အဲဒီစည်းကမ်းတွေ
မလိုက်နာရင် ဒီလူဟာ လူကောင်းကို မဖြစ်ဘူး။ ဒါ အရေးကြီးတာ နော်။
လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား
*******************************************
ကောင်းပြီ။ ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် သီလပြည့်စုံရင်
ဘာဖြစ်သလဲ။ Goog person တဲ့။ လူကောင်း ဒါပေမဲ့ ကာယကံ
စည်းကမ်းကောင်းလို့ မလွန်ကျူးဘူး။ ၀စီကံ စည်းကမ်းကောင်းလို့
ပါးစပ်နဲ့ လွန်ကျူးတာလဲ မရှိဘူး။ ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့
He, she, they become a good person but there are many many violation.
ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးပါဘူး။ လူ ကောင်းတွေပဲ။
စိတ်ထဲကတော့ သောင်းကျန်းနေတာ အားကြီးပဲ။ အဲဒါ ပိုခက်လာတယ်။
ဒါ another stage. ပိုခက်လာတယ်နော်။ to be right person.
ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက်
We must control our mental violation. စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို
ထိန်းထားရမယ်။ How to control? ဘယ်လိုထိန်းမလဲ ဆိုရင်
ကျင့်နည်းကြံနည်းလေးတွေ ပြောဖို့အချိန် မရဘူး။ သမထကျင့်စဉ်ကို ကျင့်ရင် စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး ငြိမ်သွားတယ်။
အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို tranquillity meditation လို့
ခေါ်တယ် နော်။
သမထဆိုတဲ့ စကားလုံးလေးက ငြိမ်းချမ်းစေသော ကျင့်စဉ်၊
စိတ်ကို တနေရာတည်းမှာ ထား၊ ၀ီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ထိန်း။
တနေရာတည်းမှာ ထားလို့ နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။
ဟောဒီ မက်ကရိုဖုန်းလေးပေါ် ထားမလား။ သို့မဟုတ်-ဟောဒီ
မီးတိုင်လေး ထွန်းပြီးတော့ ထားမလား။ သို့မဟုတ် ရေခွက်လေးထဲ
စိုက်ကြည့်နေ။ သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။
အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။ Concentration ရရင် ဒါပြီးတာပဲ။
နည်းပေါင်းလေးဆယ် ရှိတယ်။ ဘာနဲ့ပဲလုပ်လုပ် ဖြစ်တယ်။
ကြိုက်လို့ရှိရင် လုပ်ကြည့်။ မိမိတို့နေတဲ့အခန်းလေးကို လုံနေအောင် ပိတ်။
မနက် နေလာတဲ့အချိန်မှာ အရှေ့က တံခါးပေါက်မှာလေ သေးသေးလေး
ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။ အဲဒီက အလင်းရောင်လေး
ဝင်လာမှာ မဟုတ်လား။ အဲဒါတွေကို စိုက်ကြည့် Concentration ဖြစ်ရင်
ဒါလဲ meditation ဖြစ်တာပဲ။ ရတယ်။ ဟာ နောက်လုပ်ချင်သေးသလား။
အ၀ိုင်းလေး တ၀ိုင်းလောက် ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး
တ၀ိုင်းလောက် နံရံမှာ ရေးထား။ အဖြူလေး ချောမွတ် ညီနေရမယ်။
အဲဒါ စိုက်ကြည့်ပြီးတော့ concentrate လုပ်။ အဖြူရောင် မကြိုက်ရင်လဲ
အနီရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အပြာရောင်ပေါ့။
အဲဒါ မကြိုက်ရင်လဲ အ၀ါရောင်ပေါ့။
အဲဒါဟာ ဘာလဲဆိုရင် tranquillity meditation.
အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊
စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ စိတ်ရဲ့ hindrances ခေါ်တဲ့
နီဝရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။
အနှောက်အယှက်တွေ၊ အပိတ်အပင် အဆီးအတား စိတ်အညစ်အကြေးတွေ
ရှင်းသွားလို့ ခွက်တခွက်ထဲမှာ ရေထည့်။ ရေဟာ လှုပ်လဲ မနေစေနဲ့။
မီးထိုးထားလို့ အခိုးလဲ ထွက်မနေစေနဲ့။ ဆေးရောင်စုံ ဆိုးထားလို့
ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။ အောက်က အနည်လဲ မထစေနဲ့။
အပေါ်ကဖုံတွေလဲ မလွှမ်းစေနဲ့။ ဘယ်နှစ်ပါးလဲ ။
ရေခွက်ထဲ ငုံ့ကြည့်၊ ဘာတွေ့လဲ။ အရိပ်တွေ့တယ်။ အဲဒီတော့
ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ အဲဒီလို အပြစ်ငါးပါးကင်းတဲ့
ကြည်အေး ငြိမ်နေတဲ့ စိတ်ကလေး ဖြစ်လာအောင် သမထကျင့်စဉ်ဆိုတာ
ကျင့်ကောင်းတယ်။ ဘယ်သူကျင့်ကျင့် Buddhist or non Buddhaist,
Christion or Islam or Hindu or anybody can practice,
anybody can attain the mental happiness. ဘယ်သူမဆို
စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။ စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့
နည်းဟာ ဒီနည်းပဲ ရှိတယ်။ It is not religion. It is not for worship.
It is not for belief but to be into practice ကျင့်မှ ရမယ်။
ယုံကြည်နေရုံနဲ့ ရမှာမဟုတ်ဘူး။
ဆေးသောက်ဖြစ်အောင် သောက်ကြပါ
****************************************
ငါ ဖျားနေတယ်။ အဖျားပြတ်ဆေး ငါ ယုံကြည်ပါတယ်နော်။
ဘယ်တော့မှ အဖျားမပျောက်ဘူး။ ဆရာဝန်ကြီးက ရေးပေးလိုက်တယ်။
မင်း အဖျား ဘာကြောင့်ဖျားတာ။ ဒီဂရီ ဘယ်လောက်ရှိတယ်။
ဘာအစားရှောင်။ အစာအိမ် ဘာဖြစ်နေတယ်။ ဘာဆေးသောက်။
မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။ နေ့ ဘယ်နှစ်လုံးသောက်၊
ရေးပေးလိုက်တယ်။ ဆရာဝန်ကရေးပေးတာ။ ဟာ သိပ်တော်တဲ့
ဒေါက်တာဆိုပြီး ကိုယ့်နေရာကိုယ် ရောက်တော့ ဆေးပုလင်းလေး ဘေးချ။
ဆေးပုလင်းလဲ ယုံကြည်တယ်။ ဆရာဝန်လဲ ယုံကြည်တယ်။
ဆေးအညွှန်းလဲ ယုံကြည်တယ်။ ဆေးအညွှန်းကြီးဖတ်နေ၊
ရောဂါ ပျောက်မလား။
ဒီကနေ့ ကမ္ဘာလူသားတွေက ဆေးညွှန်းတောင် ကောင်းကောင်း
မဖတ်ချင်တော့ဘူး ဖြစ်လာတယ်။ ပိဋကတ်သုံးပုံဆိုတာ ဆေးညွှန်းတွေ
ဟုတ်လား။ အခုပြောနေတာ သီလ သမထ။ နောက် တတိယအဆင့် ၀ိပဿနာ။
အဲဒါ ဆေးနော်။ သီလဆေး သောက်ရင် ကာယကံ ၀စီကံမှာ ဘာဖြစ်လဲ
အပြစ်ကင်းသွားမယ်။ သမထ ဆေးသောက်ရင် မနောကံ စိတ်ရဲ့
သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။ ၀ိပဿနာဆေးကို
သောက်မယ်ဆိုရင်တော့ စိတ်ရဲ့ ဟိုအထဲမှာ စွဲနေတဲ့ ရောဂါရဲ့
အမြစ်ကို ဆရာက ဆေးကောင်းကောင်းနဲ့ နုတ်လိုက်သလိုပေါ့။
ဝိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် စိတ်အညစ်အကြေးတွေ
အကုန်လုံး သန့်ရှင်းသွားမယ်။
သူတော်သူမြတ်ဖြစ်ချင်လျှင်
***************************
You will attain purification of mind in this very life.
စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။ At that time, you will become
a noble person. ဘယ်နှစ်ဆင့်လဲ။ To be a good person
လူကောင်းတယောက်ဖြစ်ဖို့ practice Sila, To be a right person.
ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက်
You should practice Samatha. To be a Noble person,
စာလုံးပေါင်း မမှားစေနဲ့။ သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက်
We should practice insight meditation, Vipassana.
ဝိပဿနာဆိုတာ ဘာလဲဆိုရင် စောစောက ပြောခဲ့ပြီ။ ဟို အမေရိကန်ကြီးကို
အဘိဓမ္မာ ဖတ်ဆိုတော့ ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။
ကိုယ်ထဲမှာ ဖတ်ရတယ်။ ၀ိပဿနာဆိုတာ ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို
အရှိအတိုင်း သိအောင်၊ အဲဒီ အရှိတရားတွေ တခုနဲ့တခု ဘယ်လို
interdepdndent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို
အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ ဘာလဲ ၀ိပဿနာ ပဲ။
အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး
ဘာဖြစ်လဲ။ သန့်ရှင်းသွားတယ်။ အဲဒီတော့ ထိုသူ ဘာဖြစ်လဲ။
Noble person သူတော်သူမြတ်တယောက် ဖြစ်လာမယ်။
ဘယ်နှစ်ဆင့်လဲ သီလကျင့် လူကောင်းဖြစ်မယ်။ သမထကျင့်
လူဖြောင့်ဖြစ်မယ်။ ၀ိပဿနာကျင်ရင် သူတော်သူမြတ်တယောက်
ဖြစ်လာမယ်။
ကျင့်စဉ် ဘယ်နှစ်မျိုးလဲ သီလ သမာဓိ ပညာ- ဒီသုံးမျိုးက ဘာလုပ်မလဲ။
To be practice အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင်
We will realize the true nature of our life. ဘ၀ရဲ့ အမှန်တရားတွေကို
နားလည်လာမယ်။ ဘ၀အမှန်ဆိုတော့ သစ္စာတရားပေါ့။
ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများသည် ကိုးကွယ်ဖို့ religion မဟုတ်ဘူး။
သင်ဖို့ ဓမ္မ နော်။ ရှိခိုးဖို့ ယုံကြည်ဖို့ religion မဟုတ်ဘူး။ ကျင့်ဖို့ ဓမ္မ။
ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။
သိရှိနားလည်အောင် လုပ်ရမယ့် ဓမ္မ။ အဆင့် ဘယ်နှစ်ဆင့်လဲ။
ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့်
တက်လာမလဲ။ to be a good person, to be a right person,
to be a noble person. လို့ ဘ၀အဆင့် သုံးဆင့် မြင့်တက်လာမယ်။
လူသားတိုင်းရဲ့ ဘ၀ကို အဲဒီလို အဆင့်ဆင့် မြင့်တက်စေတဲ့
အဆုံးအမများကို ဘာခေါ်လဲ။
Buddha’s teaching ဒီလို ခေါ်ပါတယ်။
*********************************
သီတဂူ ဆရာတော်
http://buddhismworld.ning.com/ မှ ကူးယူဖော်ပြပါသည်။
Saturday, May 21, 2016
(၃၃)ကြိမ်​​မြောက်​ ​ဗုဒ္ဓဘာသာယဉ်​​ကျေးမှုစာ​မေးပွဲ
(၃၃)ကြိမ်​​မြောက်​ ​ဗုဒ္ဓဘာသာယဉ်​​ကျေးမှုစာ​မေးပွဲ
ဘားအံစာ​ဖြေဌာန
စာရိတ္တမဏ္ဍိုင်​ ကြံ့ခိုင်​​ထေရဝါ​ဒဗုဒ္ဓသာသနာ​တော်​ကြီး အရှည်​တည်​တံ့ခိုင်​မာပြန့်​ပွား​စေရန်
ကာယကံ ဝစီကံ မ​နောကံ ယဉ်​​ကျေးသိမ်​​မွေ့ကြ​သော လူငယ်​လူရွယ်​ မင်္ဂလာ​မောင်​မယ်​များ
တိုးတက်​များပြားလာ​စေရန်​ ရည်​ရွယ်​၍
 ဘားအံမြို့​ဗုဒ္ဓဘာသာယဉ်​​ကျေးမှု အဖွဲ့မှ ပံ့ပိုးကူညီသည်​။
Thursday, April 7, 2016
မင်္ဂလာတရား​တော်​သင်​တန်း (ဘားအံမြို့) ဖွင့်​လှစ်​ရန်​ ဖိတ်​ကြားစာ
မင်္ဂလာတရား​တော်​သင်​တန်း (၂၀၁၆)
သင်​တန်းတက်​​ရောက်​လိုသူများသည်
Dr.​ဒေါ်ယဉ်​ယဉ်​မိုးနှင့်​​ဒေါ်သန္တာပိုင်​တို့ထံတွင်​ ၊​လျှောက်​လွှာများ ဖြည့်​စွက်​နိုင်​ပါသည်​။
Thursday, March 10, 2016
အလှူရှင်
၂၀၁၆.ခုနှစ်​၊ ​ဗုဒ္ဓဘာသာယဉ်​​ကျေးမှုသင်​တန်း ဖြစ်​​မြောက်​​ရေးအတွက်
အလှူရှင်
Monday, March 7, 2016
က​နေဒါငှက်
က​နေဒါငှက်
========
က​နေဒါငှက်​တစ်​အုပ်​ဟာ​ဆောင်းရာသီ​ရောက်​ရင်​ မိုင်​​ထောင်​ချီ ပျံသန်းပြီး​ဆောင်းခိုကြတယ်​။ ဘယ်​လိုပုံစံမျိုး ပျံသလဲဆိုရင်​ မြားဦးပုံသဏ္ဌာန်​ '^' ပျံတယ်​။ရှေ့ဆုံးအ​ကောင်​က အားအပြည့်​ခတ်​တယ်​။ ခတ်​တဲ့​လေလှိုင်း​ပေါ်မူတည်​ပြီး အ​နောက်​​အ​ကောင်​​တွေက​လေးပုံတစ်​ပုံ​လောက်​ပဲ အားစိုက်​ပြီး ခတ်​ရတယ်​။ရှေ့ဆုံးအ​ကောင်​က​မောလာရင်​​နောက်​အ​ကောင်​က​ရှေ့ဆုံး​နေရာလာပြီး ဦး​ဆောင်​ပျံသန်းတယ်​။ ဒီလိုနဲ့ တစ်​​ကောင်​​မောရင်​ တစ်​​ကောင်​က အ​ရှေ့ကိုတက်​ပြီး ဦး​ဆောင်​ပျံသန်းရင်းနဲ့ လိုရာပန်းတိုင်​ကို သွားကြတယ်​။ အုပ်​စုလိုက်​မို့လို့ ပျံသန်းနိုင်​ကြတယ်​။ တစ်​​ကောင်​တည်းဆို မရဘူး။
ရည်​ညွှန်း ...
ကိုယ်​ကတစ်​​ယောက်​တည်း ကိုယ့်​ဘာသာကိုယ်​ဆိုရင်​ မဖြစ်​နိုင်​ဘူး။ စု​ပေါင်းအလုပ်​လုပ်​ကြရမှာ ဖြစ်​တယ်​။ရှေ့ကဦး​ဆောင်​ပြီး လုပ်​သွားကြပြီး။ ကိုယ်​က​နောက်​ကသာသာ​လေး လိုက်​လုပ်​ရုံပဲ။ ကိုယ်​ကျွမ်းကျင်​လာတဲ့ တစ်​​နေ့ကျရင်​ ကိုယ်​လည်း​ရှေ့ကဦး​ဆောင်​ပြီး လုပ်​သွားရမယ်​။
Monday, February 29, 2016
ကာဠီအမျိုးသမီးဝတ္ထု
ကာဠီအမျိုးသမီး ဝတ္ထု
ဓမ္မစကြာ​ဒေသနာ​တော်​ကို​ဟော​တော်​မူတဲ့ ဝါဆိုလပြည့်​ညဉ့်​အခါမှာ ရာဇဂြိုဟ်​​နေပြည်​​တော်​ကြီးတွင်​ ပြု​ဗ္ဗာသဠ်​နက္ခတ်​ပွဲသဘင်​ကို ဆင်​ယင်​ကျင်းပကြသဖြင့်​ ရာဇဂြိုဟ်​တစ်​ပြည်​လုံးဟာ နတ်​ပြည်​ကဲ့သို့ သာယာတယ်​။ လမ်းတိုင်းလမ်းတိုင်း ထွန်းညှိ​သောမီး​ရောင်​တို့ဖြင့်​ တ​ပြောင်​​ပြောင်​ ထိန်​လင်း​နေသတဲ့။ သည်​အခါ ကာဠီဆိုတဲ့အမျိုးသမီးတစ်​​ယောက်​ဟာ ကိုယ်​ဝန်​အရင့်​အမာရတဲ့အတွက်​ အခြားသူများလို မြို့တွင်းသို့လှည့်​လည်​ကာ​ပျော်​ရွှင်​ခြင်း မပြုနိုင်​​လေ​တော့ မိမိ​နေထိုင်​တဲ့ ပြာသာဒ်​၏ အထက်​ဆင့်​သို့ တက်​ပြီး​လေညှင်းခံရင်း အလွန်​သာယာတဲ့ မြို့​တော်​ကြီးကို ရှု​မျှော်​၍​နေတယ်​။
ကံအား​လျော်​စွာ ဘယ်​လိုအချက်​​ကောင်းနဲ့​တွေ့ကြုံသလဲဆို​တော့ သည်​လိုရှု​မျှော်​​နေတဲ့အခိုက်​မှာ သာတာဂီရိနှင့်​​ဟေမဝတတို့နတ်​ဘီလူးကြီးများက မိမိဦး​ခေါင်း​ပေါ် တည့်​တည့်​ဖြစ်​တဲ့​ကောင်းကင်​ယံမှာ အချင်းချင်း​တွေ့ဆုံကာ ဘုရားမှန်​ ဘုရားစစ်​ဖြစ်​​ကြောင်းကို​မေးလား​ဖြေလားနှင့်​ ကြုံကြိုက်​ပါ​ရော။ ဘယ်​လိုအ​ကြောင်း​ကြောင့်​လဲဆို​တော့ နတ်​ဘီလူးကြီးများဟာ အလွန်​ချစ်​ခင်​တဲ့ မိတ်​​ဆွေ​တွေဖြစ်​တာ​ကြောင့်​ တစ်​စုံတစ်​ရာ ထူး​ထွေ​သောအ​ရေးကိစ္စများ ဖြစ်​​ပေါ်လို့လာပါလျှင်​ သတိရစွာဖိတ်​ကြားကြပါလို့ အချင်းချင်း ကတိကဝတ်​ကို ထား၍ ဆက်​ဆံလာခဲ့တဲ့အတွက်​​ကြောင့်​ သာတာဂီရိနတ်​ဘီလူးက ဓမ္မစကြာတရား​တော်​ကို နာကြားရပြီး ငါ၏မိတ်​​ဆွေကြီးနှင့်​ ကတိကဝတ်​ရှိသည့်​အတိုင်း​လောကသုံးပါး၌ ဘုရားရှင်​ပွင့်​​တော်​မူ​ကြောင်းများကို​ပြောကြားရန်​ထွက်​အလာ၊​ဟေမဝတနတ်​ဘီလူးကလည်း ထူးဆန်း​စွာပဲ ဟိမဝန္တာမှာ ပန်းမျိုးစုံတို့ ပွင့်​ဖူးလာကြပြီး အ​ရောင်​အဝါ​တွေ ထင်​ရှားစွာဖြစ်​​ပေါ်လာတဲ့အတွက်​ သာတာဂီရိနတ်​ဘီလူးအား​ပြောကြားရန်​ ထွက်​အလာ ရာဇဂြိုဟ်​ပြည်​ရဲ့​ကောင်းကင်​ယံမှာ အချင်းချင်း​တွေ့ဆုံကြပါ​ရော။
၊​ကောင်းကင်​ယံက နတ်​ဘီလူးကြီးတို့၏ အသံများကိုလည်း ကာဠီအမျိုးသမီးက ကြားရသတဲ့။ဟေမာဝတနှင့်​ သာတာဂီရိတို့၏​မေးသံ​ဖြေသံများကို ကြား​တော့ သဒ္ဓါတရားအလိုလို​ပေါ်​ပေါက်​ပြီး ဪ...​လောကမှာ ဘုရားရှင်​ပွင့်​​တော်​မူလာပြီးဆိုပါကလား။ သို့ကလို့ ကြည်​ညိုခြင်းကို အရင်းပြုကာ ​ဗုဒ္ဓါနုဿ     တိဘာဝနာကို ပွားများသတဲ့။
၊​ရှေး​ရှေးအခါက ပါရမီဥာဏ်​ရင့်​သန်​ပြီးတဲ့ အမျိုးသမီးတစ်​ဦးဖြစ်​​နေတဲ့အတွက်​​တောက်​ချင်​ရက်​ရက်​ဖြစ်​​နေတဲ့ မီးကို​လေအရှိန်​ကူ​ပေးလိုက်​​တော့ ဟုန်းခနဲထ​တောက်​တာလို ​ဗုဒ္ဓါနုဿ     တိဘာဝနာကို အရင်းခံပြုပြီး ထို့​နောက်​တစ်​ဖန်​ ဝိပဿ     နာဥာဏ်​သို့ဆိုက်​​ရောက်​၍​လေညှင်းခံရင်း မပင်​မပန်း ချမ်းချမ်းသာသာ​သောတာပန်​အဖြစ်​သို့​ရောက်​သွားပါတယ်​။
အလွန်​အံ့ဖွယ်​​ကောင်းတဲ့ အမျိုးသမီး​လေးပါပဲ။ ဘုရားရှင်​ထံသို့သွားပြီး တရားလဲမနာရဘဲနှင့်​ စားရကံကြုံ​တော့ မုတ်​ဆိတ်​ပျားစွဲဆိုသလို တစ်​ဆင့်​စကားကြားရုံမျှနှင့်​ လွယ်​လင့်​တကူ​သောတာပန်​ဆိုတဲ့ အမြိုက်​ပန်းကို ဆွတ်​လှမ်းလို့ ယူနိုင်​​ပေတယ်​။ ယခုဘုရားရှင်​သာသနာ​တော်​မှာ​ရှေးဦးစွာ​သောတာပန်​တည်​တဲ့ အမျိုးသမီးဟာ ဘယ်​သူလဲလို့​မေးလျှင်​ ကာဠီအမျိုးသမီးပဲလို့သာ ရဲရဲတင်းတင်းကြီး​ဖြေလိုက်​ကြ​ပေ​တော့။
အဲသို့ကလို့ ထူးခြားတဲ့သူဖြစ်​တဲ့အတွက်​ ရှင်​​တော်​ဘုရားက ... တစ်​ဆင့်​ကြားနှင့်​ ကြည်​ညို၍ ကျွတ်​တမ်းဝင်​​သောသူတို့တွင်​ သမီး​တော်​ကာဠီဟာ အထွဋ်​မြတ်​ဆုံးဖြစ်​တယ်​...လို့ ဧတဒဂ်​ထား​တော်​မူ​ပေသတည်း။
မှတ်​ချက်​။        ။ ဤဝတ္ထုကို ဓမ္မစကြာသုတ္တန်​နှင့်​ စပ်​လျဉ်း​သော​ကြောင့်​ အင်္ဂုတ္တိုရ်​အဋ္ဌကထာမှ ထုတ်​နုတ်​၍ အချုပ်​အားဖြင့်​​ဖော်​ပြလိုက်​ပါသည်​။
ကာဠီအမျိုးသမီးဝတ္ထု ပြီး၏။
Monday, February 22, 2016
စိရံတိဋ္ဌတု အဘိဓ​မ္မော
ရဟန္တာနှင့်​ပုဂ္ဂိုလ်​ထူးများ
ဓမ္မာစရိယဦး​ဋ္ဌေးလှိုင်​​ရေး​သားပြုစု​သော
မြန်​မာနိုင်​ငံ ပရိယတ္တိသာသနာဝင်
ဤ​နေရာတွင်​   Download ဆွဲနိုင်​ပါသည်​။
Sunday, February 21, 2016
၊​ခေါင်း​ဆောင်​မတင်​ထိုက်​သူများ
၊​ခေါင်း​ဆောင်​မတင်​ထိုက်​သူများ
၁။ ဂဏန်း
ဂဏန်းနဲ့တူတဲ့ လူစားမျိုး။ ဂဏန်းဆိုတဲ့​ကောင်​ဟာ အမြဲလက်​မတ​ထောင်​​ထောင်​ ရှိတတ်​ပါတယ်​။ ငါမှတတ်​တာ၊ မင်းတို့က ဘာမှသိတာမဟုတ်​ဘူး။ ငါ့ဆရာ လာမလုပ်​နဲ့ဆိုတဲ့ လူစားမျိုးပါ။အောက်​လက်​ငယ်​သားကို ကျွန်​လိုဆက်​ဆံတတ်​တဲ့သူမျိုးကို ဆရာမတင်​ထိုက်​ဘူး။
၂။ ပုတ်​သင်
ဒီ​ကောင်​က​တော့ ကိုယ်​ပိုင်​အရည်​အချင်း ဘာမှမရှိဘူး။ သူများ​ပြောတိုင်း​ခေါင်းညိတ်​တယ်​။ ဘယ်​သူက​ပြော​ပြော​အေးလုပ်​လိုက်​ဆိုတာချည်းပဲ။ အဲဒီလို လူစားမ​မျိုးလည်း ဆရာတင်​မိပြန်​ရင်​ ငါးပါးမကဘူး ဆယ်​ပါး​လောက်​​မှောက်​​ရော။
၃။ ကိုင်းပင်
ဒီလူက ခပ်​ညံ့ညံ့ လူစားမျိုး။ ကိုယ်ပိုင်​ဆုံးဖြတ်​ချက်​ မရှိဘူး။ ကိုယ်​ပိုင်​ရပ်​တည်​မှုမရှိဘူး။နေရာတကာ​ရေလိုက်​ငါးလိုက်​ဆိုတဲ့ လူစားမျိုး။ အဆွယ်​​ကောင်းရင်​ ပါသွားတာချည်းပဲ။ကောင်းတာ​ရော မ​ကောင်းတာ​ရော အဆွယ်​​ကောင်းရင်​ လုပ်​တယ်​။ပျော့ညံ့တဲ့ လူစားမျိုး။ ဒီလိုလူမျိုးလည်း ဆရာတစ်​​ယောက်​အ​နေနဲ့ အားမကိုးထိုက်​ပြန်​ဘူး။
၎။ နွားသိုး
ဒီ​ကောင်​က​တော့ ဘာမဆို အမှားအမှန်​ မ​ဝေခွဲဘူး။နေရာတကာ ရှူးရှူးဒိုင်းဒိုင်းနဲ့ စွတ်​လုပ်​တတ်​တယ်​။ နှလုံးရည်​ နည်းပြီး လက်​ရုံးရည်​ အားကိုးတဲ့ လူစားမျိုး။ခေါင်း​ဆောင်​တင်​မိရင်​ အားလုံးပျက်​စီးဖို့များတယ်။
၅။ လိပ်
ဒီလူမျိုးက​တော့ အတ္တကြီးတဲ့ လူစား​ပေါ့။ ဘာမဆို သူ့အတွက်​ပဲ သူသိတယ်​။ ''ငါ​ခေါင်း​ဆောင်​​ပေးမှ မင်းတို့ရမယ်​၊ ငါပြီးမှ ပြီးမယ်​''ဆိုတဲ့ လူစားမျိုး။ ကိုယ်​ကျိုးစီးပွါးပဲ သိတယ်​။ အများအတွက်​ ထည့်​မတွက်​တဲ့ လူစားမျိုး။ (ပရဟိတ စိတ်​မဝင်​စားဘူး)
၆။ခွေးအ
ဒီလူက​ကောက်​ကျစ်​တယ်​။ ဘယ်​​နေရာမဆို နည်းမှန်​လမ်းမှန်​က မသွားတတ်​ဘူး။ ဘယ်​သူ့ကိုမဆို လှည့်​စားလိုက်​ရမှ။ ကိုယ့်​လက်​​အောက်​ငယ်​သားကို ကိုယ့်​လက်​ခုပ်​ထဲက​ရေလို ကိုယ်​လိုတဲ့​နေရာမှာပဲ အသုံးချတယ်​။
(သိင်္ဂါ​လောဝါဒသုတ်​)
Credit: facebook acc
သင်တန်းအချိန်ဇယား
အတုလသာသနိကဗိမာန်တော်
သေဋ္ဌမာရ်အောင်ဘုရားကြီးဝင်း
ဘားအံမြို့။
အဘိဓမ္မာပြန့်ပွားရေးအဖွဲ့ ဘားအံမြို့
Saturday, February 20, 2016
အနုသာသနီ ဂါထာ
အနုသာသနီ ဂါထာ
ရာဂယက္ခိနိယာ ဝိဋ္ဌာ၊
ရာ​ဂေနာဓိ ဝိ​သောဟိတာ။
ကာရဏာ ကာရဏံ ကိဉ္စိ၊
န ဇာနန္တိ ဟိတာဟိတံ။
။လော​ကေ...​လောက၌
ရာဂ ယက္ခိနိယာ - ချစ်​ခင်​နှစ်​သက်​စွာ တဏှာ ဘီလူးမသည်
အာဝိဋ္ဌာ - ပူးဝင်​အပ်​ကုန်​သည်​ဖြစ်​၍
ရာ​ဂေန - စွဲလမ်း လွန်​မင်း တပ်​မက်​ခြင်း​ကြောင့်
အဓိဝိ​သောဟိတာ - ပြင်းထန်​ကဲလွန်​ အဆိပ်​မွှန်​ကြကုန်​​သော
ဇနာ - လူများအ​ပေါင်းတို့သည်
ကာရဏာ ကာရဏံ - အ​ကြောင်းဟုတ်​သည်​ ​ မဟုတ်​သည်​ကို
ဟိတာဟိတံ - အကျိုးရှိသည်​ မရှိသည်​ကို
ကိဉ္စိ - အနည်းငယ်​က​လေးမျှ
ဝါ - အရိပ်​အ​ယောင်​မျှ
န ဇာနန္တိ - ရာဂမှိုင်းမိသဖြင့်​ မသိနိုင်​ကြ​လေကုန်​။
စွဲလမ်းလွန်​မင်း တပ်​မက်​ခြင်း​ကြောင့်​ ပြင်းထန်​ကဲလွန်​ အဆိပ်​မွှန်​ကြကုန်​​သော 
လူများအ​ပေါင်းတို့သည်​ အ​ကြောင်းဟုတ်​သည်​ မဟုတ်​သည်​ကို အကျိုးရှိသည်​ မရှိသည်​ကို 
အနည်းငယ်​က​လေးမျှ အရိပ်​အ​ယောင်​မျှ ရာဂမှိုင်းမိသဖြင့်​ မသိကြ​လေကုန်​။
တာလပုဋသုတ် ဂါမဏိသံယုတ်
(တာလပုဋသုတ်​ - ဂါမဏိသံယုတ်​)
အခါတစ်​ပါး၌ ဘုရားရှင်​သည်​ ရာဇဂြိုဟ်​ပြည်​ ရှဉ့်​နက်​တို့အား အစာ​ကျွေး၍​မွေးရာဖြင့်​​သောဝေဠုဝန်​​ကျောင်း၌နေ​တော်​မူသည်​။ ထိုအခါ တာလပုဋဇာတ်​ဆရာကြီးသည်​ ဘုရားရှင်​ထံ ချဉ်းကပ်​ရှိခိုး၍​လျှောက်​​လေ၏။
မြတ်​စွာဘုရား ပွဲလယ်​သဘင်​အလယ်​၌ မှန်​-မမှန်​အားဖြင့်​ လူအ​ပေါင်းကို ရွှင်​ပျ​မွေ့​လျော်​​စေ​သော က​ချေသည်​​သေ​သော်​ ပဟာသနတ်​ဖြစ်​၏ဟု​ပြောဆိုကြကုန်​​သော​ရှေးဆရာ့ဆရာ က​ချေသည်​တို့၏ စကားကို ကြားဖူးရပါ၏။ ဤအရာကို မြတ်​စွာဘုရားသည်​ အဘယ်​ဟုဆိုလို​တော်​မူပါသနည်း'
တာလပုဋဇာတ်​ဆရာကြီးသည်​ သာမညမဟုတ်​။ အဆင်းလည်း ထန်းသီးမှည့်​ကဲ့သို့ လှ၏။ ထို့​ကြောင့်​ တာလပုဋဟု​ခေါ်ကြသည်​။ ပါရမီပြည့်​စုံပြီးသား ပစ္ဆိမဘဝိကပုဂ္ဂိုလ်​ ဖြစ်​၏။ ဇမ္ဗူဒိပ်​တွင်​​ကျော်​ကြား၏။ လှည်းငါးရာ၊ မာတုကာမငါးရာ အခြံအရံရှိ၏။ ဇနီးတွင်​လည်း နည်းတူရှိ၏။ ဥာဏ်​ရင့်​ကျက်​၍ ဘုရားရှင်​ထံ​ရောက်​လာခြင်း ဖြစ်​၏။ 
'ဂါမဏိ မသင့်​​လျော်​၊ ဤစကားကို ရပ်​​လော့၊ ငါ့ကို မ​မေးလင့်​'
တာလပုဋဇာတ်​ဆရာကြီးသည်​ နှစ်​ကြိမ်​​မြောက်​​မေးပြန်​၏။ ဘုရားရှင်​သည်​ တား၏။ သုံးကြိမ်​​မြောက်​​မေးပြန်​၏။ ထိုအခါ ဘုရားရှင်​က​ဖြေ​၏။
'ဂါမဏိ​ရှေးအစကပင်​ သတ္တဝါတို့သည်​ မကင်း​သော စွဲလမ်းမှုရာဂ၊ မကင်း​သော အမျက်​​ဒေါသ၊ မကင်း​သော​တွေ​ဝေမှု​မောဟ ရှိကုန်​၏။ ရာဂ၊​ဒေါသ၊​မောဟ ​နှောင်​ကြိုးတို့ဖြင့်​ ဖွဲ့အုပ်​ကုန်​၏။ ထိုသူတို့အား က​ချေသည်​သည်​ ပွဲအလယ်​ သဘင်​အလယ်​၌ ရာဂ၊​ဒေါသ၊​မောဟ ဖြစ်​​စေတတ်​​သော တရားတို့ကို အတိုင်းထက်​အလွန်​​ရှေး​ရှု​ဆောင်​၏။ ထိုက​ချေသည်​သည်​ မိမိကိုယ်​တိုင်​ ယစ်​မူး​မေ့​လျော့လျက်​ သူတစ်​ပါးတို့ကို ယစ်​မူး​မေ့​လျော့​စေရကား​သေ​သော်​ ပဟာသငရဲသို့​ရောက်​၏။'
'ပွဲအလယ်​ သဘင်​အလယ်​၌ မှန်​-မမှန်​အားဖြင့်​ လူအ​ပေါင်းကို ရွှင်​ပျ​မွေ့​လျော်​​စေ​သော က​ချေသည်​​သေ​သော်​ ပဟာသနတ်​ဖြစ်​၏ဟု ထိုသူအား အယူဖြစ်​ခဲ့မူ ထိုသူ၏ အယူသည်​ မှား​သော အယူသာဖြစ်​၏။ ဂါမဏိ မှား​သောအယူရှိ​သော ပုဂ္ဂိုလ်​သတ္တဝါအား ငရဲနှင့်​ တိရစ္ဆာန်ဟူ​သော လားရာဂတိနှစ်​ပါးတွင်​ တစ်​ပါးပါး​သော လားရာဂတိကို ငါ​ဟော၏။'
တာလပုဋဇာတ်​ဆရာကြီးသည်​ ငို​လေ၏။ မျက်​ရည်​ကျ​လေ၏။ စိတ်​အ​တော်​ မချမ်းမသာ ဖြစ်​သွား၏။
'ဂါမဏိ မသင့်​​လျော်​၊ ဤစကားကို ရပ်​​လော့၊ ငါ့ကို မ​မေးလင့်​ဟု သင့်​ကို ငါတားသည်​ မရ၊ သင်​​မေး၍ ငါ​ဖြေရသည်​'
မြတ်​စွာဘုရား ဤသို့​ဖြေ၍ ငိုသည်​မဟုတ်​ပါ။ စင်​စစ်​​သော်​ က​ချေသည်​သည်​​သေ​သော်​ ပဟာသနတ်​ဖြစ်​၏ဟု​ရှေးဆရာ့ဆရာ က​ချေသည်​တို့သည်​ တပည့်​​တော်​ကို အချိန်​ကြာမြင့်​စွာကပင်​​ကောက်​ကျစ်​လှည့်​ပတ်​ ဖြား​ယောင်းအပ်​ပါ၏။
မြတ်​စွာဘုရား တရား​တော်​သည်​ အလွန်​နှစ်​သက်​ဖွယ်​ ရှိပါ​ပေစွ။ တပည့်​​တော်​သည်​ ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်​ရာဟူ၍ ဆည်းကပ်​ပါ၏။ မြတ်​စွာဘုရား တပည့်​​တော်​သည်​ မြတ်​စွာဘုရား၏ အထံ​တော်​၌ ရှင်​ရဟန်းအဖြစ်​ကို ရလိုပါ၏။'
တာလပုဋဇာတ်​ဆရာကြီးသည်​ ဘုရားရှင်​ထံတွင်​ ရှင်​ရဟန်းအဖြစ်​ကို ရ၏။ တရားကို ကြိုးစားအားထုတ်​ရာ မကြာမီ ရဟန္တာဖြစ်​သွား၏။ ကုသိုလ်​ကံအားလုံး ဆိတ်​သုဉ်းသွား၏။
Friday, February 19, 2016
Leader ​ ဒီလိုအရည်​အချင်း​တွေ လိုအပ်​တယ်​။
၁. မခိုင်းဘဲလုပ်​တတ်​​အောင်​ ကြိုးစား။
၂. တာဝန်​​ပေးတဲ့အလုပ်​ကို တာဝန်​​ကျေစွာလုပ်​။
၃. ဆင်​​ခြေမ​ပေးတတ်​ဖို့ကလည်း အ​ရေးကြီးတယ်​။
၎. အလုပ်​ကို စိတ်​ဝင်​စားမှုအပြည့်​နဲ့ လုပ်​ပါ။
၅. တစ်​ခုခိုင်းမှ တစ်​ခုလုပ်​တတ်​တဲ့ အကျင့်​မျိုးရှိရင်​​ ဖျောက်​။
၆. အလုပ်​များများခိုင်းလို့ ငြီးတွားခြင်း မလုပ်​နဲ့။
၇. တပည့်​​ကောင်းဖြစ်​​အောင်​ ကြိုးစား။
၈. သိတဲ့ တတ်​တဲ့ သူများက​ပြောရင်​ နား​ထောင်​၊ လိုက်​နာ။
၉. သူများ​ပြောချင်​တာကို အရင်​နား​ထောင်​ပြီးမှ ကိုယ်​​ပြောချင်​တာ​ပြော။
၁၀. ဘယ်​​တော့မှ ကတိပျက်​တဲ့သူမျိုး မဖြစ်​​စေနဲ့။
၁၁. ကိုယ့်​ကို ပညာသင်​​ပေးသူ​ပေါ်မှာ ပုန်​မကန်​မိ​စေနဲ့။
၁၂. ပညာ​လေးတတ်​ပြီဆိုရင်​ ဆရာကြီးဒီဇိုင်း မဖမ်းမိ​အောင်​ ကြိုးစားပါ။
၁၃. မိမိရဲ့ဘဝကို ဘယ်​​တော့မှ မ​မေ့နဲ့။
Credit; 
သင်​မှသိ၊ သိမှကျင့်၊ ကျင့်မှရ မြတ်ဗုဒ္ဓ၏သြဝါဒ
ခေါင်းဆောင်ကောင်းဖြစ်ဖို့
ခေါင်းဆောင်ကောင်းဖြစ်ဖို့ ဒါတွေလိုအပ်ပါတယ်။
၁. မခိုင်းဘဲလုပ်​တတ်​​အောင်​ ကြိုးစား။
၂. တာဝန်​​ပေးတဲ့အလုပ်​ကို တာဝန်​​ကျေစွာလုပ်​။
၃. ဆင်​​ခြေမ​ပေးတတ်​ဖို့ကလည်း အ​ရေးကြီးတယ်​။
၎. အလုပ်​ကို စိတ်​ဝင်​စားမှုအပြည့်​နဲ့ လုပ်​ပါ။
၅. တစ်​ခုခိုင်းမှ တစ်​ခုလုပ်​တတ်​တဲ့ အကျင့်​မျိုးရှိရင်​​ ဖျောက်​။
၆. အလုပ်​များများခိုင်းလို့ ငြီးတွားခြင်း မလုပ်​နဲ့။
၇. တပည့်​​ကောင်းဖြစ်​​အောင်​ ကြိုးစား။
၈. သိတဲ့ တတ်​တဲ့ သူများက​ပြောရင်​ နား​ထောင်​၊ လိုက်​နာ။
၉. သူများ​ပြောချင်​တာကို အရင်​နား​ထောင်​ပြီးမှ ကိုယ်​​ပြောချင်​တာ​ပြော။
၁၀. ဘယ်​​တော့မှ ကတိပျက်​တဲ့သူမျိုး မဖြစ်​​စေနဲ့။
၁၁. ကိုယ့်​ကို ပညာသင်​​ပေးသူ​ပေါ်မှာ ပုန်​မကန်​မိ​စေနဲ့။
၁၂. ပညာ​လေးတတ်​ပြီဆိုရင်​ ဆရာကြီးဒီဇိုင်း မဖမ်းမိ​အောင်​ ကြိုးစားပါ။
၁၃. မိမိရဲ့ဘဝကို ဘယ်​​တော့မှ မ​မေ့နဲ့။
အတ္တ
ပုတ္တာ မတ္ထိ ဓနံမတ္ထိ၊
ဣတိဗာ​ကေ ဝိဟညတိ။
အတ္တာဟိ အတ္တ​နော နတ္ထိ၊
ကု​တော ပုတ္တာ ကု​တောဓနံ။
လူမိုက်​​တွေဟာ ငါ့မှာ သားသမီး ရှိတယ်​။ ဥစ္စာပစ္စည်း​တွေရှိတယ်​ဆိုပြီး စွဲလမ်းမှုတဏှာနဲ့ ဆင်းရဲပင်​ပန်းရတယ်​။ တကယ်​​တော့ မိမိဆိုတဲ့ အတ္တ ကိုယ်​​တောင်​မရှိပါဘဲ ဘယ်​လိုလုပ်​ သားသမီးဆိုတာ ရှိမှာလဲ။ ဥစ္စာဆိုတာ ရှိမှာလဲ။
ဆုံနိုင်​ခွင့်​မရှိ​သော တရားများ
မိမိကိုယ်​ကို အထင်​ကြီးခြင်းကို မာနဟု​ ဆိုသည်​။ 
အထင်​ကြီးခြင်း မာန နှင့်​ ယုံကြည်​ခြင်း သဒ္ဓါကို မကွဲကြ။ 
ထို့​ကြောင့်​ပင်​ မိမိကိုယ်​ကို အထင်​ကြီးခြင်းကို မိမိကိုယ်​ကို 
ယုံကြည်​ခြင်းဟု မှတ်​ယူကျင့်​သုံး​နေသူများ   ဖြစ်​သည်​။ 
ယုံကြည်​ခြင်းသည်​ ကုသိုလ်​​စေတသိက်​ ဖြစ်​ပြီး မာနသည်​ကား အကုသိုလ်​​စေတသိက်​သာ ဖြစ်​သည်​။ 
ကုသိုလ်​တရား ဟူသမျှသည်​ ပွါးများရမည့်​တရား တိုးပွါး​အောင်​ ကျင့်​​ရမည့်​တရားများသာ ဖြစ်​ကြပြီး အကုသိုလ်​တရားတို့သည်​ကား နှိပ်​ကွပ်​ရမည့်​တရား ယုတ်​​လျော့​အောင်​ ပြုရမည့်​တရားများသာ ဖြစ်​ကြ​ပေသည်​။
မိမိကိုယ်​ကို အထင်​ကြီးခြင်းကို မိမိကိုယ်​ကို ယုံကြည်​ခြင်းဟု မှတ်​ယူ​နေခြင်းသည်​ ယုတ်​​လျော့​အောင်​ ပြုရမည့်​တရားကို တိုးပွါး​အောင်​ ပြုရမည့်​တရားအဖြစ်​ မှတ်​ယူ​နေခြင်းနှင့်​တူ၏။
ဖား​အောက်